ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေးကျင်းပ



MNP - ဇွန်   ၁


ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) အစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုအစည်းအဝေးတွင် လက်ရှိဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ နောက်ထပ်ဆောင်ရွက်ရန် အလားအလာရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားကြ ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ရှိပြီးသားစီးပွားရေး အခြေခံကောင်းများကို ပိုမိုဖွံ့ဖြိုးတိုးတက် လာအောင်ဆောင်ရွက်ပြီး ပြည်နယ်အတွက် အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် မြှင့်တင်ပေးရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုအခြေအနေ ပေါ်မူတည်ပြီး အရင်ဆုံးဆောင်ရွက်နိုင်မည့် အပိုင်းများကို စတင်အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးကိုပါ တပါတည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ချောမွေ့စေရေး ဆောင်ရွက်ပေးခြင်းဖြင့် ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေသည့် လုပ်ငန်းရှင်များကို ဝင်ရောက်ဆောင်ရွက်ချင်လာအောင် တွန်းအားပေး နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံသူများ၏ မြေပြင်လုပ်ငန်းဆောင်ရွက်နေသည့် နေရာများအထိ သွားရောက်ကွင်းဆင်းပြီး သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်စေရန် ကြပ်မတ် ဆောင်ရွက်ပေး ရန်လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ ထူးမင်းသိမ်းက ဂွကမ်းခြေဖွံဖြိုးရေးစီမံကိန်းနှင့် ကျောက်ဖြူအဝေးပြေး ယာဉ်ရပ်နားစခန်း ဆောင်ရွက်မည့် မြေနေရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Myanmar C.P. Livestock Company Limited သို့ကွင်းဆင်းမှုအခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု များဖိတ်ခေါ်ကာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)