ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းကျင်းပ






MNP - ဇွန်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းအား ယနေ့ နံနက် ၈ နာရီအချိန်က ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုနှစ်ဆောင်ပုဒ်သည် “ကလေးအလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဖြစ်ပြီး ကလေးအလုပ်သမား ပပျောက်ရေးအတွက် လူမှုအကာအကွယ် ပံ့ပိုးမှုများကို သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ဝိုင်းဝန်းဆောင်ရွက်ပေးမှသာ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်မှာဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ကလေးအလုပ်သမား အခြေအနေများကို ၂၀၁၉ ခုနှစ်၊ နှစ်စဉ်လုပ်သားစစ်တမ်း ဒုတိယအကြိမ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ၁၂.၇ သန်း ရှိသည့်အနက် ဝ.၄ သန်းခန့်သည် အလုပ်လုပ်ကိုင်နေကြရပြီး ဝ.၃ သန်းခန့်သည် ကလေးအလုပ်သမားများ ဖြစ်ပါကြောင်း၊ ၎င်းကလေးအလုပ်သမားထဲမှ ဝ.၂၅ သန်းသည် အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေရကြောင်း ဖော်ပြထားရှိမှုကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ သုတေသန လေ့လာတွေ့ရှိချက်များအရ နိုင်ငံတစ်နိုင်ငံ၏ ကလေးအလုပ်သမား ပမာဏဟာ အဲ့ဒီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးကိစ္စရပ်သည် နိုင်ငံတိုင်း အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်လာတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ကလေးအလုပ်သမား ပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ ၈ ရပ်အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီ ၈ ရပ်ကလည်း မိမိတို့ တိုင်းအတွင်းရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက် ဦးတည်ချက်ထားကာ ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းဆောင်ရွက်ချက်များ ဖော်ဆောင်သွားကြပါရန်” တိုက်တွန်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား video clip အား ဖွင့်လှစ်ပြသပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ဆက်လက်၍ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဥပဒေအသိပညာပေး စကားဝိုင်းကို ပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေချုပ်က စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဌာန၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်တစ်ဦးစီက “ကလေးအလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး”ခေါင်းစဉ်ဖြင့် ဥပဒေအသိပညာပေး စကားဝိုင်းကို ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)