ပေါင်မြို့နယ်တွင် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်






MNP ၊  ဇွန် ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို  အထက ပေါင် ရွှေရတုခန်းမ၌ ယနေ့နံက်(၉)နာရီကစတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေး က ယခုတက်ရောက်လာသော ဆရာ၊ ဆရာမလောင်းလျာများအနေဖြင့် လုပ်ငန်းခွင်အတွင်း  ဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင်ကြရန်၊ပညာရေးနှင့်ပတ်သတ်ပြီး စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ သင်ရိုးညွှန်းတန်းများကို လေ့လာပြီး ကလေးငယ်များကို သင်ရိုးညွှန်းတန်းများအတိုင်းသင်ကြားပြသပေးကြရန် စသည့်များတို့ကိုအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို  ကြီးကြပ်(၂)ဦး ၊နည်းပြ(၄)ဦး၊သင်တန်းသား (၈၂)ဦးတို့ဖြင့်ဖွင့်လှစ်သင်ကြားခဲ့ပြီး မေလ

(၁၀)ရက်နေ့အထိ (၇)ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)