ဟင်္သာတမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး



MNP - ဇွန်   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသူ၊ ကျောင်းသားများအား  ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။


“ဟင်္သာတ မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနဲ့  ကိုယ်ပိုင်ကျောင်းများမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့  အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူ၊ ကျောင်းသားများ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့မှာ ဆေးထိုးအဖွဲ့များခွဲ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် စနစ်တကျ စတင်ထိုးနှံ ပေးတာဖြစ်ပါတယ်” ဟု မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာညီညီလွင်က ပြောကြားခဲ့သည်။


ဒီနေ့စတင်ထိုးနှံပေးတဲ့ ဟင်္သာတမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၃၅၄ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်းတို့မှ အသက် ၅နှစ် ပြည့်ပြီးသူတိုင်းကို Sinopharm အမျိုးအစား ကိုဗစ် ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ၂၈ ရက်ပြည့်လျှင် ဒုတိယအကြိမ်အဖြစ် မပျက်မကွက် ထပ်မံထိုးနှံ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း မိမိတို့နည်းတူ ဆောင်ရွက်ပေးနေကြောင်း ခရိုင် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိဘအုပ်ထိန်းသူများကို အသိပေး ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လိုက်လံ ကြည့်ရူအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)