(၃၈)ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုရ မြို့နယ်အဆင့် (ပ-ဒု-တ)ဆုရရှိသူများနှင့် သီးသန့်လက်ရွေးစင်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၈)ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုရ မြို့နယ်အဆင့် (ပ-ဒု-တ)ဆုရရှိသူများနှင့် သီးသန့်လက်ရွေးစင်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ






MNP - ဇွန်   ၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံသာသနာ့ ဗိမ္ဗာန်တော်ကြီးတွင် ယနေ့ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် ယဉ်ကျေးမှုစာအောင်ဆုရ မြို့နယ်ဆင့် (ပ-ဒု-တ)ဆုရရှိသူများနှင့် သီးသန့်လက်ရွေးစင်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပသည်။


အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌဆရာတော်မှ ငါးပါးသီလနှင့် သြဝါဒကထာချီးမြှင့်ကာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်မှ သာရဏီယ သြဝါဒကထာ ချီးမြှင့်တော်မူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်တို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ယဉ်ကျေးမှုကော်မတီ ရှေ့ဆောင်နာယက ဦးတင်ဝင်းမှ (၃၈)ကြိမ်မြောက် ယဉ်ကျေးမှုမြို့နယ်အဆင့် (ပ-ဒု-တ)ဆုနှင့် သီးသန့်လက်ရွေးစင်ဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။


ထို့နောက် ဆုရရှိသည့် ကျောင်သား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)