နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ရမည်းသင်းမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ရမည်းသင်းမြို့တွင် ကျင်းပ












MNP ၊ ဇွန် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရှမ်းဝိုင်းရပ်၊ မြို့မရပ်ကွက်၌ ပြုလုပ် သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ သံဃာတော်များ၊ ငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၅၅၀၀ ဦးခန့် တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာသည့် သံဃာတော်များနှင့် တာဝန်ရှိသူများက ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ဟု စာသားပါပိုစတာ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကာ ငြိမ်းချမ်းရေးငှက်များကို အထိမ်းအမှတ်အဖြစ် လွှတ်ပေးကြသည်။

၎င်းနောက် ငြိမ်းချမ်းရေးလိုလားသူပြည်သူများက “ပြည်ထောင်စုမပြို ကွဲရေး-ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး-ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေး-ဒို့အရေး၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး-ဒို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင် တိုက်ဖျက်ရေး-ဒို့အရေး၊ ငြိမ်ချမ်းရေး ပျက်ပြားအောင် ဆန့်ကျင်နေသူများ ကျဆုံးရေး-ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကြီးအောင်ရမည်” စသည့်ကြွေးကြော် သံများဖြင့် ကြွေးကြော်၍ ချီတက်ကြသည်။

၎င်းနောက် ငြိမ်းချမ်းရေးလိုလားသူများက ငြိမ်းချမ်းရေးသည် ဒီမိုကရေစီ အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်၊ ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ ငြိမ်းချမ်းရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည် စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC) ၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ တို့နှင့် တွေ့ဆုံးဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား)နှင့် ဆက်လက်ဆွေးနွေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)