မာန်အောင်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာတွင် ပျက်စီးသွားသော နေအိမ်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာတွင် ပျက်စီးသွားသော နေအိမ်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်





MNP ၊ ဇွန်၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဂန့်ကော်တောကျေးရွာအုပ်စု၊ဇိုင်ပင်ကျေးရွာတွင်ယခုလ၁၁ရက်နေ့ကမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မကျည်းပင်လဲကျ ပျက်စီးသွားသောနေအိမ်မိသားစုများအား ယနေ့မွန်းလွဲ၁နာရီကထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေအသင်းကထောက်ပံ့ပေးအပ်သော မိသားစုအသုံးအဆောင်ပစ္စည်းများ၊မီးဖိုချောင်သုံးပစ္စည်းများနှင့်တစ်ကိုယ်ရေသုံးပစ္စည်းများကို မာန်အောင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှတပ်ဖွဲ့မှူးဦးမြင့်သန်းနှင့်တပ်ဖွဲ့ဝင်များကဂန့်ကော်တောကျေးရွာအုပ်စု၊ဇိုင်ပင်ကျေးရွာသို့သွားရောက်ပြီးနေအိမ်ပျက်စီးသွားသူဦးသိန်းမောင်မိသားစုအားထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူမေလ၂၁ရက်နေ့က သစ်ပုံကျေးရွာအုပ်စု၊ငှက်ပျောတောကျေးရွာ၌ အုန်းပင်လဲကျရာတွင်ပျက်စီးသွားသော ဦးနေလင်း နေအိမ်မိသားစုကို လည်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)