ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် (၁၉)ကြိမ်မြောက် အာဆီယံသိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် (၁၉)ကြိမ်မြောက် အာဆီယံသိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်


MNP ၊ ဇွန် ၁၆

(၁၉)ကြိမ်မြောက် အာဆီယံသိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကကြီးမှူး၍ Video Conferencing စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ အာဆီယံသိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးဥက္ကဋ္ဌ H.E. Prof. Dr. Huynh Thanh Dat က အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှု (Science, Technology and Innovation-STI) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးနှင့် အာဆီယံဒေသအတွင်း ပေါင်းစည်မှုမြှင့်တင်ရာတွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ STI သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals-SDGs) အများစုကို အောင်မြင်ရန်နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့်တီထွင်မှုဆန်းသစ်မှု (STI) သည် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် SDGs အောင်မြင်မှုကိုပံ့ပိုးရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည်သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံဆောင်ရွက်မှုအစီအစဉ် (၂၀၁၆-၂၀၂၅)-ASEAN Plan of Action on Science, Technology and Innovation(2016-2025)၏ အစီအစဉ်/လှုပ်ရှားမှုကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ကြီးများက အာဆီယံဒေသအတွင်း သာယာဝပြောသော ရေရှည်တည်တံ့ခိုင်မြဲသော STI တိုးတက်မှုအတွက် သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှု (STI) နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)