အကြမ်းဖက်အားပေး အမေရိကန်သံရုံးက အာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသူများအတွက် ဝမ်းနည်းပူဆေးရကြောင်း ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်အားပေး အမေရိကန်သံရုံးက အာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသူများအတွက် ဝမ်းနည်းပူဆေးရကြောင်း ထုတ်ပြန်



MNP ၊ ဇွန် ၂၂


NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော အမေရိကန် သံရုံးက စစ်အာဏာရှင်အဖွဲ့အစည်း၏ ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူ ၂,၀၀၀ အတွက် မိမိတို့ ဝမ်းနည်းပူဆွေးရပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။


အကြမ်းဖက်အားပေး အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် "စစ်အာဏာရှင်အဖွဲ့အစည်း၏ ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူ ၂,၀၀၀ အတွက် မိမိတို့ ဝမ်းနည်းပူဆွေးရပါသည်။ နိုင်ငံတစ်ဝှမ်းတွင် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန်သောကြမ်းကြုတ်ရက်စက်မှုများသည် စစ်တပ်အတွင်းမှတာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည်။ အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့၏ မိတ်ဖက်များ၊ မြန်မာပြည်သူများနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ဖက်မှလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သည်။" ဟု ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက "တပ်မတော်က အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာ မဟုတ်ဘူး။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ သူတွေကိုသာ ချေမှုန်းနေခြင်းဖြစ်တယ်။ အမေရိကန် သံရုံးအနေနဲ့ မြန်မာပြည်သူတွေအတွက် တကယ်ပဲ ဝမ်းနည်းတတ်တယ်ဆိုရင် NLD အစွန်းရောက် ပြည်ပြေးတွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်သမားတွေက သတ်လို့ သေဆုံးခဲ့ရတဲ့ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများ အတွက်လည်း ဝမ်းနည်းတတ်ဖို့ ကောင်းပါတယ်။ အခုတော့ အကြမ်းဖက်သမားတွေ သေဆုံးရတဲ့အပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်တာကတော့ အကြမ်းဖက်အားပေး ဖြစ်နေတယ်ဆိုတာကို အထင်အရှား ပြတာပါပဲ။ မြန်မာနိုင်ငံထဲ လာပြီး ဆူပူအကြမ်းဖက် လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုထားတာ ကျွန်တော်တို့ တစ်နိုင်ငံပဲ ရှိတယ်လို့ ထင်တယ်။ အမေရိကန် သံရုံးအပါအဝင် NLD အစွန်းရောက် တွေရဲ့ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက် လုပ်နေသူတွေကို နှင်ထုတ်သင့်တာ ကြာပါပြီ။ မနှင်ထုတ်သ၍ အကြမ်းဖက်အားပေး တိုင်းဖျက် ပြည်ဖျက် လုပ်နေအုံးမှာပါပဲ။" ဟု သုံးသပ် ပြောဆိုသည်။

အမေရိကန် နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများသည် NLD ပါတီက စံချိန်တင် မဲလိမ်မဲခိုးမှုကြီး ကျူးလွန်ခဲ့သည်ကို မျက်ကွယ်ပြု၍ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းခဲ့သည့် အခြေအနေတွင် ၎င်းတို့ လိုလားသည့် အစိုးရ ပြုတ်ကျသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှု လုပ်ရပ်များကို အစဉ်တစိုက် ထောက်ခံအားပေးနေပြီး NLD အစွန်းရောက်များကိုလည်း ၎င်းတို့နိုင်ငံတွင် ခိုလှုံခွင့်ပေးထားသော အကြမ်းဖက်အားပေး နိုင်ငံဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)