နိုင်ငံတော်၏ပုံသေပိုင်ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏ပုံသေပိုင်ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ


MNP ၊ ဇွန် ၁၆

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၆)ကို “ နိုင်ငံတော်၏ပုံသေပိုင်ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့်ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာကံဇော်က ပုံသေပိုင်ပစ္စည်းစီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိပုံသေပိုင်ပစ္စည်းများကို ပစ္စည်းစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရန် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း နိုင်ငံပိုင်ပစ္စည်းများရယူထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ စာရင်းရေးသွင်းခြင်း၊ ထုခွဲရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ စစ်ဆေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ဇ) အရ တာဝန်ရှိပါကြောင်း၊ စာရင်းစစ်ဆေးရာတွင်လည်း ပုံသေပိုင်ပစ္စည်းစာရင်းစစ်ဆေးခြင်းကို သီးခြားအပိုင်း (Section) တစ်ခုအနေဖြင့် ထည့်သွင်းစစ်ဆေးရပါကြောင်း။


သို့ပါ၍ ယနေ့ဆွေးနွေးမှုများကို အသိပညာဖလှယ်ခြင်းသာမက ပညာရပ်ဆိုင်ရာဖလှယ်ခြင်းများကိုပါ ရှုထောင့်ပေါင်းစုံမှ စနစ်တကျပါဝင်ဆွေးနွေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်လုပ်ငန်းများကို ထိထိရောက်ရောက်စစ်ဆေးနိုင်သည့် စာရင်းစစ်ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးဒေါ်လှလှကျိန်က ပုံသေပိုင်ပစ္စည်းများဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှဲပြောင်းခြင်း၊ ပုံသေပိုင်ပစ္စည်းစာရင်းမှပယ်ဖျက်ခြင်းနှင့် ဆုံးရှုံးမှုများကို အရေးယူဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုက်နာရမည့်ညွှန်ကြားချက်များ၊ ပုံသေပိုင်ပစ္စည်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။


ဆွေးနွေးပွဲသို့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်မှူးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော်သင်တန်းကျောင်းခန်းမ(၂)ခု၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)