၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

 


MNP - ဇွန်  ၄


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာအုပ်စု၊ ကရင်စုကျေးရွာရှိ တောင်သူဦးကြည်ညွန့်နှင့် ဦးတင်ဝင်း (ယာမြေ) ၊ ကွင်းအမှတ်(၄) တွင်သရုပ်ပြပွဲပြုလုပ်ခဲ့သည်။


ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ မိုးနေကြာစိုက်ပျိုးမည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ တောင်သူများအား မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် ပတ်သက်သည့်များကို မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာမှ တောင်သူများ မိုးနေကြာစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ဖျက်ဆီးတတ်သော ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျေးရွာအုပ်စုများသို့ စိုက်ပျိုးရေးဝန်ထမ်းများမှ စနစ်တကျကွင်းဆင်းကာ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းခြွေလှေ့ပြီးသည့်အထိ ကွင်းဆင်းပညာပေး ပြသပေးသွားမှာဖြစ်ကြောင်း ရှင်းလင်း တင်ပြပြီးနောက်၊ ကွင်းအမှတ် (၄) တောင်သူဦးကြည်ညွန့်နှင့် တောင်သူ ဦးတင်ဝင်း (ယာမြေ)၊  နှစ်ဧကတွင်သရုပ်ပြရာတွင်  ဓာတ်မြေဩဇာ မြေခံကွန်ပေါင်း ထည့်သွင်းခြင်းနှင့် မှိုသတ်ဆေးဖြင့် မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများနှင့် မိုးနေကြာစိုက်ပျိုးမည့် တောင်သူများ စုပေါင်းကွင်းသရုပ်ပြခဲ့ကြသည်။


အဆိုပါ မိုးနေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးရေး တာဝန်ကျဝန်ထမ်းများ၊ ကျေးရွာအုပ်စုမှ ကွင်းတာဝန်ခံနှင့်တောင်သူများ တတ်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)