ပေါင်မြို့နယ်၊ ဇင်ကျိုက်မြို့တွင် ထမင်းပေါင်အိုးတည်ရာမှတစ်ဆင့် မီးလောင်မှု အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၊ ဇင်ကျိုက်မြို့တွင် ထမင်းပေါင်အိုးတည်ရာမှတစ်ဆင့် မီးလောင်မှု အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်


MNP ၊ ဇွန်  ၆

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့၌ ထမင်းပေါင်းအိုးတည်ရာမှတစ်ဆင့်  မီးလောင်မှု  အတွက် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာနမှ  ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်လွဲပိုင်းကရပ်ကွက်အုပ်ချုပ်‌ရေးမှုး ရုံး၌ထောက်ပံ့  ပေးခဲ့သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးဌာနမှ (၃-၆-၂၀၂၂)ရက်နေ့(၁၀း၁၀)နာရီ အချိန်ခန့်၌ ပေါင် မြို့နယ်၊ ဆားဖိုစုရပ်ကွက်၌ ထမင်းပေါင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုကြောင့်  တစိတ်တပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀၀၀/-)၊လူဦးရေ(၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ( ၁၀၅၀၀/-)နှင့် ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)စုစုပေါင်းထောက်ပံ့ငွေ (၁၅၀၅၀၀/-) အားဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာနမှ  ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာသို့ ဇင်းကျိုက်မြို့အုပ်ချုပ်‌ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ ‌ရပကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ မီးလောင်သူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)