ပင်လောင်းမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

 


MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မွန်းနှင့် မြို့နယ်သမဝါယမအသင်းစု တွဲဖက်အတွင်းရေးမှူး ဦးချစ်သိန်းတို့က သမဝါယမ၏ လုပ်ငန်းသဘောတရားများနှင့် သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။


အစည်းအဝေးတွင် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်ဌေးက GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် အမှုဆောင်လုပ်ငန်းစဉ်များကို  လည်းကောင်း၊ စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးအောင်စိုးက အသင်းသားစစ်ဆေးချက် အစီရင်ခံစာများကို လည်းကောင်း၊ အတွင်းရေးမှူး ဦးဉာဏ်လှိုင်ဝင်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးရှင်းတမ်းများကို လည်းကောင်း အသီးသီးဖတ်ကြားကြသည်။


ထို့နောက် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် အမှုဆောင်လုပ်ငန်းစဉ်များ၊ အသင်းသားစာရင်းစစ် စစ်ဆေးချက် အစီရင်ခံစာများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးအတွက် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းအား အဆိုတင်သွင်းခြင်း၊ ထောက်ခံပေးခြင်းများကို သဘာပတိမှ အတည်ပြုပေးခဲ့ပြီး၊ သဘာပတိက နိဂုံးချုပ်အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)