နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn ကို လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn ကို လက်ခံတွေ့ဆုံ




MNP ၊ ဇွန် ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ၊ NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့်  PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူ များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ယင်းတို့၏ဆိုးရွားစွာဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မိုင်းထောင် ဖောက်ခွဲမှုများနှင့် မီးရှိုဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင် အဆောက်အဦများနှင့် နိုင်ငံတော်ပိုင် အဆောက်အဦများပျက်စီးခဲ့ရမှု၊ အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိမှု၊ မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ “တစ်ဦးတစ်ယောက်မှ မကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အာဆီယံ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ် H. E. Ekkaphab Phanthavong၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘော ဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)