MNP ၊ ဇွန် ၁
ယမန်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ဦး သေဆုံးခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားဖြစ်ကြောင်း ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ စိစစ်တွေ့ရှိသော အချက်အလက်များ၊ CCTV မှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာအုပ်စုက စစ်တပ်မှ လုပ်သယောင် ဖန်တီးရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
အကြမ်းဖက်သမားနှင့် ဆက်စပ်သော မှတ်တမ်းဓာတ်ပုံများနှင့် CCTV မှတ်တမ်းကို ၁၅ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြသခဲ့သည်။
ထိုဖြစ်စဉ်အပေါ် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media ဆိုသည့် ပြည်ဖျက်မီဒီယာက သတင်းပုံစံမျိုးစုံဖြင့် မဟုတ်မမှန် ဖန်တီးရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment