တောင်ဒဂုံ ၇၀ ရပ်ကွက်တွင် ကျောင်းလာပို့သည့် မိဘတစ်ဦးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားမျးက သေနတ်ပစ်ခတ်သဖြင့် သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဒဂုံ ၇၀ ရပ်ကွက်တွင် ကျောင်းလာပို့သည့် မိဘတစ်ဦးကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားမျးက သေနတ်ပစ်ခတ်သဖြင့် သေဆုံး





MNP ၊ ဇွန် ၁၅

တောင်ဒဂုံမြို့နယ်၊ ၇၀ရပ်ကွက်၊ ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့်တွင် ကျောင်းလာပို့သူ ပြည်သူတစ်ဦးအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် (၈)နာရီ ဝန်းကျင်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၀)ရပ်ကွက်၊ ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့်တွင် ကျောင်းလာပို့သူ ကျောင်းသားမိဘ ဘိုမင်းသူ ၃၅ နှစ်(ဘ)ဦးဇော်မင်းဦး(ဆိုင်ကယ် ကယ်ရီမောင်း)သည် အထက(၄) ဒဂုံတောင်တွင် ၆ တန်း ကျောင်းတက်နေသော သားဖြစ်သူအား ကျောင်းပို့ပြီး အပြန် ဆိုင်ကယ် ၁ စီးဖြင့် လူ ၃ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘိုမင်းသူ၌ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့သဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံသို့ရောက်ရှိကုသစဉ် ၈နာရီခွဲဝန်းကျင် အချိန်၌ သေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် NLD အစွန်းရောက် အကြမ်းဖက်သမးများက လုပ်ကြံသတ်ဖြတ်မှု အကြမ်းဖက်မှုဖြစ်စဉ်အများဆုံးမြို့နယ်ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)