မြို့နယ်အချို့၌ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အချို့၌ NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး


နေပြည်တော်၊ ဇွန် ၂၁

NLD အစွန်းရောက် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ ခြံစည်းရိုးအုတ်ခုံပေါ်၌ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများက အနာဂတ်လူငယ်များ၏ ပညာ သင်ကြားမှုအားဟန့်တားသည့် ခြိမ်းခြောက်စာတစ်စောင်ကို ထားရှိသွားကြောင်း သိရှိရသည်။


အလားတူ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲဝင်းအတွင်းရှိ အားကစား ကွင်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းကြား၌လည်းကောင်း၊ အားကစားကွင်း၏ အနောက်ဘက်၌ လည်းကောင်း PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် အသံမိုင်း ၂ လုံးတို့ ပေါက်ကွဲ ခဲ့ပြီး အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၃၅၂ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။


အလားတူ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် ၂၆ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ  နိုင်ငံခြားဘာသာ တက္ကသိုလ်အား ၆၂ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ တက္ကသိုလ်ဝင်းအတွင်းရှိ နားနေဆောင် အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အမိုးသွပ်ပြားများ ပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NLD အစွန်းရောက် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)