ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံးလာရောက်ပစ်ချ စာသင်ကျောင်းအမိုးအနည်းငယ်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံးလာရောက်ပစ်ချ စာသင်ကျောင်းအမိုးအနည်းငယ်ပျက်စီး

MNP ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း ၌ လုံခြုံရေးဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက  Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံး လာရောက်ပစ်ချ ပေါက်ကွဲခဲ့သဖြင့် စာသင် ကျောင်းအမိုးအနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက် ည ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း အခြေပြု၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဘိုးတော်တောကျေးရွာဘက်မှနေ၍ Drone ယာဉ်တစ်စီးအားအသုံးပြု၍ လက်လုပ်ဗုံးတစ်လုံး လာရောက်ပစ်ချခဲ့ရာ လက်လုပ်ဗုံးမှာ စာသင်ကျောင်းအမိုးပေါ်သို့  ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း စာသင်ကျောင်းအမိုး အနည်းငယ် ပေါက်ပြဲပျက်စီးခဲ့ကြောင်း  သိရသည်။


ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)