ကျွန်လှမြို့ အနောက်ဘက်ရှိ ရေနံမှော်မှ PDF အကြမ်းဖက်သမားများအတွက် တစ်ရက်လျှင် ဆက်ကြေး သိန်း(၁၀၀၀) အထက် ရရှိနေကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်လှမြို့ အနောက်ဘက်ရှိ ရေနံမှော်မှ PDF အကြမ်းဖက်သမားများအတွက် တစ်ရက်လျှင် ဆက်ကြေး သိန်း(၁၀၀၀) အထက် ရရှိနေကြောင်း သိရ


MNP ၊ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အနောက်ဘက် ရေနံထွက်ရှိရာဒေသမှ PDF အကြမ်းဖက်သမားများအတွက် ငွေကြေးအထောက်အပံ့များစွာ ရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းလှမြို့အနောက်ဘက်ခြမ်း နောင်ကောက်၊ မော်တုံ၊ မော်ကယ်၊ သဖန်းချောင်း၊ အင်္ဂါ စသည့် ရေနံမှော်များတွင် ရေနံအမြောက်အများ ထွက်ရှိနေပြီး တစ်တွင်းလျှင် ပီပါ အလုံးရေ ၉၀၀ ကျော်အထိ ထွက်သော ရေနံတွင်းများ ရှိနေကြောင်း သိရသည်။

ဒေသခံ တစ်ဦးက "ရေနံထွက်နေတဲ့ နေရာတွေက PDF အကြမ်းဖက်သမားတွေရဲ့ ဗဟိုချက်မလို ဖြစ်နေပါတယ်။ ဒီကောင်တွေက ရေနံတွင်းတွေဆီက ဆက်ကြေးကောက်တယ်။ တစ်ရက်ကို သိန်း(၁၀၀၀) အထက် ရနေတယ်ဆိုတော့  တွက်သာကြည့်တော့။ လုပ်ငန်းရှင်တွေနဲ့ PDF အကြမ်းဖက်သမားတွေက လေယဉ်ပစ်လက်နက်တောင် ဝယ်ဖို့ စီစဉ်နေတယ်လို့ သတင်းပေါက်ကြားလာတယ်။  ရေနံကလည်း ဘယ်လောက်တောင် ထွက်နေသလဲဆိုရင် ခပ်ထုတ်စရာမလိုဘဲနဲ့ ထွက်နေတာ။ ဒေသခံတွေအခေါ်ကတော့ လျှံကျင်းပေါက်တယ်လို့ ခေါ်ကြတာပေါ့။ ညောင်မြစ်ရေနံမှော်က အဓိက လျှံကျင်းပေါက်နေတယ်လို့ သတင်းကြားသိရပါတယ်။ နိုင်ငံတော်အတွက်လည်း ဘာအခွန်ငွေမှ မရဘူး။ PDF အကြမ်းဖက်သမားတွေ အသက်ရှည်အောင် လုပ်ပေးထားသလို ဖြစ်နေတယ်။ တာဝန်ရှိသူတွေအနေနဲ့တော့ ထိန်းသိမ်းသင့်နေပါပြီ။" ဟု ပြောသည်။

ရပ်ရွာများ ဖျက်ဆီးမခံရရေးအတွက် ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ လှည့်လည်ဖွဲ့စည်းပေးလျက်ရှိသော ကန့်ဘလူမြို့နယ်မှ ဆရာတော် ဦးဝါသဝ က "ရေနံမှော်တွေကနေPDF က ဆက်ကြေးကောက်ယူနေတယ်။ သဖမ်းဆိပ် ဆည်အထက်က ရွှေမှော်တွေကနေ ဆက်ကြေးကောက်ယူနေတယ်။ ဒါတွေကို ဖြတ်တောက်သင့်တယ်။" ဟု မိန့်ကြားထားသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)