နမ္မတူမြို့နယ်တွင် အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမည်



MNP - ဇွန်   ၄


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇွန်လဒုတိယအပတ်မှစတင်၍ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၅)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် (Sinovac)အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် (Sinovac) အမျိုးအစားကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ(၂)ဦးနှုန်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း ဇွန်လဒုတိယအပတ်မှ စတင်၍ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်း နံနက်(၉)နာရီမှ စတင်၍ ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)