ခေတ်မီစံပြကျေးရွာ (SMART VILLAGE)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်၊ ကျောက်တန်းကျေးရွာတွင် အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေတ်မီစံပြကျေးရွာ (SMART VILLAGE)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်၊ ကျောက်တန်းကျေးရွာတွင် အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP - ဇွန်   ၁


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးခေတ်မီစံပြကျေးရွာ (SMART VILLAGE) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင်  အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက သင်တန်းသား(၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်က  အဖွင့်အမှာစကားပြောကြားပြီးနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက  ယခုလို မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ပေးခြင်းအတွက် သင်တန်သားများ မိမိတို့လုပ်ငန်းနယ်ပယ်တွင် လက်တွေ့အသုံးချဆောင်ရွက်နိုင်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်တို့က သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)