မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

 


MNP - ဇွန်  ၂၇


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။


အဆိုပါ အသိပညာပေး Talk Show တွင် အမှတ်(၃၂)မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဇော်ဇော်ဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ ယနေ့လူငယ်လူရွယ်များအနေနဲ့ မူးယစ်ဆေးဝါးများသုံးစွဲရခြင်း၏ အခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ဦး၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို အချိန်မီပြုပြင်တားဆီးကာကွယ်ရမည့် အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ထိန်းချုပ်ဆောင်နေမှုအခြေအနေများအား အသိပညာပေး ဆွေးနွေးပြောကြားသည်။


ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီနှင့် ဦးစီးအရာရှိဒေါ်ဇာဖြူဝင်းတို့က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယခုကဲ့သို့ Talk Show များပြုလုပ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)