MNP - ဇွန် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ တိရိစ္ဆာန်အစာပင်(Taykuan)တေခူယံမြက်စိုက်ပျိုးခြင်းကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ဈေးချိုရပ်ကွက် တောင်သူ ဦးမင်းနိုင်ဦး ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိရိစ္ဆာန်အစာပင် (Taykuan) တေခူယံမြက်စိုက်ပျိုးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူးနှင့် ဝန်ထမ်းများက (ဝ.၁၂) ဧက စိုက်ပျိုးခဲ့ကြသည်။
ထိုသို့ တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့်လွှတ်ကျောင်း စနစ်မှ ခြံလှောင်မွေးမြူသည့် စနစ်သို့ ကူးပြောင်းပြီး တိရိစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ အစာရေစာရှားပါးသော ဒေသများနှင့် အစာဖိုးကုန်ကျစရိတ် မြင့်တက်နေချိန်တို့တွင် ဖြည့်စွက်အစာစိမ်းအနေဖြင့် (ဖွဲနု၊ နှမ်းဖတ်၊ ပဲဖတ်) အစရှိသည့် ဒေသထွက် အစာနုနှင့် ရောစပ်ကျွေးမွေးခြင်းဖြင့် တိရိစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိခြင်း၊ ထုတ်လုပ်မှု ကောင်းစွာရရှိခြင်းနှင့် ယခု (Taykuan)တေခူယံ တိရိစ္ဆာန်အစာပင်ကို စိုက်ပျိုးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ တိရိစ္ဆာန်အစာပင် စိုက်ပျိုးရခြင်းဖြစ်ကြောင်းကို မော်လမြိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရှိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment