MNP ၊ ဇူလိုင် ၄
ကန့်ဘလူမြို့ ညောင်ပင်ကြီးအုပ်စု အင်ဘတ်တောကျးရွာတွင် KIA, PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့သည့် အခြေအနေမှ ယခုအခါ စာသင်ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးဝါသဝက "ကန့်ဘလူမြို့ ညောင်ပင်ကြီးအုပ်စု အင်ဘတ်တောကျးရွာမှာ စာသင်ကျောင်းစာတင်ဖွင့်လှစ် နိုင်ပါပြီ။ ကျောင်းသား/သူ ၈၀ ဦးရှိပါတယ်။ ဆရာ/မ အစိုးရခန့် ၁ ယောက် ရွာမှလုပ်အားပေး ၂ ယောက်ရှိပါတယ်။ လိုအပ်တဲ့ ဆရာ/မကူညီပေးနိူင်ရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ပညာရေးဋ္ဌာန အသီးသီးမှ ကူညီဆောင်ရွက်ပေးပါရန် မှော်တော်ဆရာတော်မှ တင်ပြလိုပါတယ်။" ဟု မိန့်ကြားသည်။
အင်ဘတ်တောကျေးရွာတွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိ၊ ကျေးရွာကာကွယ်ရေးမရှိသည့် အခြေအနေတွင် ရွာသူရွာသားများကို ဆရာတော်က ဦးဆောင်၍ ပြည်သူ့ဖွဲ့စည်းနိုင်ရေး စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်ကာကွယ်ရေးဖြင့် စာသင်ကျောင်းကိုပါ ဖွင့်လှစ်နေပြီဖြစ်သည့် အပေါ် လိုအပ်သည့် ဆရာ၊ ဆရာမ ချထားပေးနိုင်ရေး တာဝန်ရှိအကြီးအကဲများထံ ဆရာတော်က မေတ္တာရပ်ခံထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment