MNP ၊ ဇူလိုင် ၁၁
အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့် နံရံကတ်စာစောင်ပြပွဲ ကို ယနေ့နေ့လည်ပိုင်းက အမ်းမြို့လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်း ကဟော ပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အာ ဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ပုဂ္ဂိုလ်များ ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် စာပေဖတ်ရှုလေ့လားခြင်းဖြင့် ရရှိလာနိုင်သောအကျိုး ကျေးဇူးများစသည့်အကြောင်း အရာများ ကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်ပြီး အမ်းမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက တက်ရောက်လာသည့် စာပေမြတ်နိုးသူလူငယ်များအား (၇၅) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာ စောင်အား လိုက်လံရှင်းလင်းပြသပေးရာ သိရှိလိုသည် များအားရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမ်းမြို့အမှတ် (၁) အ ထ က ကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်းသိရ သည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment