ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့်



MNP - ဇူလိုင်  ၂၃


ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာရှိ ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။


ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများစဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရန်၊ ငါးမျိုး ကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန် ရည်ရွယ် ၍ငါးမျိုးများကို စိုက်ထည့်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။


ဘောလည်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ အဖွဲ့ဝင်(၂)ဦးအေးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ် ငါးလုပ် ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျေးရွာ နေပြည်သူများကလှော်ကားငါးလုပ်ငန်းစခန်းနှင့်လေးထောင့်ကန်ငါး လုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေနှစ်သိန်းခွဲနှင့် နှစ်လက်မအရွယ် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေနှစ်သိန်းခွဲ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း- ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)