ကလိန်အောင်မြို့အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူ(၇၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူ(၇၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး






MNP ၊ ဇူလိုင် ၁၄

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမ ဒေါ်ခင်သူဇာငြိမ်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကလိန်အောင်မြို့  အ-ထ-က ကျောင်းဝင်အတွင်း၌ အခြေခံပညကျောင်း‌‌(၁၃)ကျောင်းမှ မူလတန်း၊ အလယ်တန်းကျောင်းသား၊ကျောင်းသူများအားကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုသတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်း

သူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား ၊ကျောင်းသူ ပထမအကြိမ်(၁၁၀)ဦးနှင့်ဒုတိယအကြိမ်(၆၁၅)ဦး စုစုပေါင်း(၇၂၅)ဦးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကိုမြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဦး‌ဆောင်၍

ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့ကသွားရောက်ကြည့်ရှု့ကာလိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)