ကြို့ပင်ကောက်မြို့၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

 



MNP - ဇူလိုင်  ၃


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မိုးရာသီသစ်ပင်စိုက်ပွဲတော်ကိုလက်ပံပင်စုကျေးရွာအုပ်စု တမံဆည်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မိုးနှင့်ဝန်ထမ်းများဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ ဒေသခံပြည်သူများက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်ပျိုးပင်များကို သတ်မှတ်နေရာများတွင် ကျွန်းပျိုးပင် ၆၀ မဟော်ဂနီပျိုးပင် ၁ ပင် ယမနေပျိုးပင် ၅၀ ပိတောက်ပျိုးပင် ၁ ပင် ခရေပျိုးပင် ၁ ပင် ပျဉ်းကတိုးပျိုးပင် ၆၂ ပင်တို့ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။


ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များနှင့် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသမျိုးရင်းအဖိုးတန်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်ပင်များပါဝင်သည့် လူထုဖြန့်ပျိုးပင်များကို မကျီးကုန်းပျိုးဥယျာဉ်တွင် ၂၅၀၀၀ နှင့် မြို့ကိုင်းပျိုးဥယျာဉ်တွင် ၂၅၀၀၀ စုစုပေါင်း ပျိုးပင်ပေါင် ၅၀၀၀၀ ပျိုးထောင် စိုက်ပျိုးထားကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)