မြိတ်မြို့တွင် ခေတ်မီရေငန်ပုစွန်မွေးမြူရေးစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် ခေတ်မီရေငန်ပုစွန်မွေးမြူရေးစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ



MNP - ဇူလိုင်  ၂၄


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအနီးတွင် ပြည်ဖြိုးထွန်းအင်တာနေ ရှင်နယ်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီရေငန်ပုစွန်မွေးမြူရေးစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ လုပ်ငန်းစဉ်၏ နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။


ရှင်းလင်းပွဲ၌ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ပုစွန်မွေးမြူရေးလုပ်ငန်းမန်နေဂျာ  ဦးမိုးကျော်အောင်က ရှင်းလင်းပြောကြားပြီး စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment - EIA)  လုပ်ငန်းစဉ်တွင် ပါဝင်သော နယ်ပယ်တိုင်းတာသတ်မှတ်ခြင်း (Scoping) လုပ်ငန်းစဉ်အား E Guard Environmental Services စီမံကိန်း တာဝန်ခံ ဒေါ်ရတနာစွမ်းထက်ကျော်က ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံများက သိလိုသည်များကို မေးမြန်း၍ အကြံပြုဆွေးနွေးခဲ့ကြရာ ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ပြည်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ ကတ္တလူကျေးရွာ၌ မြေ(၄၁၅)ဧကပေါ်တွင် ပုစွန်မွေးမြူထုတ်လုပ်လျက်ရှိသည့် ကန်ပေါင်း(၆၄)ကန်ရှိပြီး တစ်လလျှင် ပုစွန်တန်ချိန် (၂၅၀)မှ (၃၀၀)ကြား ဖမ်းယူလျက်ရှိ၍ တစ်နှစ်လျှင် ပုစွန်တန်ချိန် (၃၀၀၀)မှ (၃၅၀၀)ကြား မွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို ဝန်ထမ်းပေါင်း(၃၅၀)ဦးခန့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပုစွန်မွေးမြူရေစီမံကိန်းကို (၂၀၁၄)ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပုစွန်များကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း ပုစွန်မွေးမြူရေးလုပ်ငန်း မန်နေဂျာထံမှ သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)