ရွှေကူမြို့ အခြေခံကျောင်းများ၌ အသိပညာပေးဟောပြောပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့ အခြေခံကျောင်းများ၌ အသိပညာပေးဟောပြောပွဲများပြုလုပ်


MNP - ဇူလိုင်   ၂၄


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းအချိန်များက  အ‌ခြေခံပညာအထက်တန်းကျောင်းများ၌ အသိပညာပေးဟောပြောပွဲများ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့် ခေါင်းဆောင်မှု”  အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့နံနက် (၉) နာရီခွဲခန့်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ နေ့လယ် (၂) နာရီခန့်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲများသို့ သက်ဆိုင်ရာကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးခန့်မျိုး‌မောင်က “လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက “လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ် လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး” စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား/ သူများအား အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးခန့်မျိုး‌မောင်က အဆိုပါကျောင်းများသို့ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်ပပသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)