သီရိမင်္ဂလာကမ္ဘာအေးစေတီတော် လုံးတော်ပြည့်မျက်ပါးရွှေသင်္ကန်း၊ ကြာမှောက်ကြာ လှန်အထက်ပိုင်း ရွှေစင်ရွှေသားရွှေပြားသင်္ကန်းနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ငါးဆူ မျက်ပါးရွှေသင်္ကန်းတင်လှူပူဇော်ခြင်း အောင်ပွဲရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် လုံးတော်ပြည့်မျက်ပါးရွှေသင်္ကန်း၊ ကြာမှောက်ကြာ လှန်အထက်ပိုင်း ရွှေစင်ရွှေသားရွှေပြားသင်္ကန်းနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ငါးဆူ မျက်ပါးရွှေသင်္ကန်းတင်လှူပူဇော်ခြင်း အောင်ပွဲရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၂၄


ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်း၊ ကြာမှောက်ကြာလှန် အထက်ပိုင်း ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း နှင့်ဗုဒ္ဓရုပ်ပွားတော်မြတ် ငါးဆူရွှေသင်္ကန်းတင်လှူပူဇော်ခြင်း အောင်ပွဲ ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီတော်အတွင်း၌ ကျင်းပသည့်၊၊


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများ အမှူးပြုသည့် စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်၊၊


ရှေးဦးစွာ ဆရာတော်ကြီးများက စေတီတော်အတွင်းရှိ ဂေါတမရုပ်ပွားတော်မြတ်ရှေ့တွင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော် ကြသည်၊၊


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (မိတ္ထီလာ) ထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်မြတ်တို့မှ ချီးမြှင့်ရွတ်ပွား တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်၊၊


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှု ရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်၊၊


ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုသိန်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသောရွှေစင်ရွှေသား ရွှေပြားသင်္ကန်းအလှူတော်ငွေ ၅ သိန်း ကျပ်ကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်ဦးလှထွန်းက လက်ခံရယူသည်၊၊


ဆက်လက်၍ ဦးသိန်းဝင်း ဒေါက်တာဒေါ်နီနီ သားသမီမြေးတစ်စု၊ရွှေသံလွင် ကုမ္ပဏီ SKY NET မိသားစုက ရွှေစင်ရွှေသားရွှေပြား သင်္ကန်းအလှူတော်ငွေ ၈၅၅၀၀၀၀ ကျပ်အား ရွှေသံလွင် ကုမ္ပဏီမှတာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခ ံရယူကြသည်၊၊


ထို့နောက် ရေစက်ချအလှူမင်္ဂလာပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက အလှူပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်၊၊


ယင်းနောက် နိုင်ငံတော်ဿံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ (မြင်းခြံ) ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်၊၊


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)