မိတ္ထီလာမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၂၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် မိတ္ထီလာမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အမှတ်(၁) လူကူန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မိတ္ထီလာမှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး သိန်းထိုက်အေးက လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ၎င်းသင်တန်းကို မိတ္ထီလာမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၅၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်အထိ လူကုန်ကူးမှုတားဆီးနှိမ်းနှင်းရေး ဥပဒေ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံဖြည့်သွင်းမှု၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှု အခြေအနေများစသည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မိတ္ထီလာမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)