စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

 


MNP - ဇူလိုင်  ၂၄


စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ၊ လေလုံအားကစား ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အားကစားနည်းအများစုဟာ အသင်းအဖွဲ့ဖြင့် ကစားရတာဖြစ်ကြောင်း၊ ကျောင်းစာအပြင် အားကစားများကိုလည်း လေ့လာလိုက်စားသွားကြစေလိုကြောင်း၊ အားကစား ကစားခြင်းသည် ကာယအား၊ ဉာဏအားများ အသုံးပြုရတာပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ကာ ဉာဏ်ရည်စွမ်းရည်များ မြင့်တက် လာသလို စာရိတ္တစွမ်းရည်များလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တနည်းအားဖြင့် အားကစားကစားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်း ကနေ အထောက်အကူပြု ပေးသွားမှာဖြစ်ကြေင်း၊ ကျန်းမာရေးကောင်းမွန်နေမှသာ မိမိတို့ရဲ့ဝါသနာ၊ ဆန္ဒများနှင့်အညီမျှော်မှန်းချက်၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယနေ့အချိန်အခါမှာဆို နိုင်ငံတော်မှလည်း အားကစားကို မြှင့်တင်ဆောင်ရွက်ပေးနေသလို မိမိတို့ကလည်း နိုင်ငံတော်မှ အားထားရတဲ့ အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကစား သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှာလည်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန်များ ရွက်ဆိုခဲ့ကြသည်။


အဆိုပါပြိုင်ပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူးများ)၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရပြီး ရွှေမင်းကွန်း(၁)နှင့် ဇေယျာရွှေမြေအသင်းတို့ စတင်ယှဉ်ပြိုင် ခဲ့ကြကြောင်းသိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)