မွန်ပြည်နယ်ဝန်ကြီးချုပ် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်





MNP - ဇူလိုင်  ၁၆                                      


မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အစိုးရ စက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/သူများ မောင်မယ်သစ်လွင်များ၏ ကြိုဆိုပွဲကို ဂုဏ်ပြုချီးမြှင့်လိုသည့်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်တန်း စားမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းများ ကောင်းမွန်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများကို ရရှိဆွတ်ခူးခဲ့ပါကြောင်း၊ ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း အောင်ချက် ရာခိုင်နှုန်းမှာ (၅၇.၂၁%)ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ပထမဆုရရှိခဲ့ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ထက်ပိုသော အသိဉာဏ်ပညာခေတ်ကို ရောက်ရှိနေပြီး ဖြစ်၍ ကျောင်းသား/သူများ အနေဖြင့် အတတ်ပညာအပြင် အသိပညာများကိုပါ လေ့လာဆည်းပူးသင်ယူကြ ရန်လိုအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ အနာဂတ်ဘဝ တိုးတက်မြင့်မားရေးတွင် ပညာသည် အဓိကကျသည့် အရင်းအမြစ် တစ်ခုဖြစ်သည့်အတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပညာရေးစနစ်ကို အထူးအလေးထား အားပေး မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နည်းပညာ မြင့်မားသော ယနေ့ခေတ်တွင် Social Media များကို အသုံးချ၍ အတွေးအမြင်များ လွှဲမှားအောင် လုပ်ကိုင်ဆောင်ရွက်လာကြသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ယူတတ်မြောက်ထားသည့် ပညာရပ်များကိုအခြေခံ၍ အသိတရား သတိတရား ဆင်ခြင်ဉာဏ်များဖြင့် ချင့်ချိန်သုံးသပ်လျက် မိမိတို့၏ ရည်မှန်းချက်များကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း လမ်းညွှန် ပြောကြားခဲ့သည်။


ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဖြိုးဝေသန်းက ကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းသား/သူမောင်မယ် သစ်လွင်များက တေးသီချင်များ၊ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ မွန်ပြည်နယ် အစိုးရအဖွဲ့မှ အားကစားပစ္စည်းများ၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့် ခဲ့သည်။ အဆိုပါ မောင်မယ်  သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ကျောင်းသား/သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)