ပေါက်တောမြို့ (အထက)ကျောင်း၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့ (အထက)ကျောင်း၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP - ဇူလိုင်   ၂၅


ရခိုင်ပြည်နယ် ပေါက်တောမြို့ (အထက) ကျောင်း၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ကျောင်းရှိ ရွှေဘန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ Grade - 11 ကျောင်းသား ကျောင်းသူများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ဇင်သန်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ရာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက Grade - 10 တွင် ပါဝင်သည့် ဂီတသင်ခန်းစာမှ စည်းကမ်းသီချင်း ဖြင့်လည်းကောင်း၊ ငါရို့ရခိုင်သား သီချင်းဖြင့်လည်းကောင်း သီဆို ကပြဖျော်ဖြေပေးကြသည်။


ပေါက်တောမြို့ (အထက)ကျောင်း၌ ၂ဝ၂၂ နှစ်ခု တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၁၃၀ ဦးဝင်ရောက် ဖြေဆိုခဲ့ရာ ၆၄ ဦး အောင်မြင်သည့်အတွက် အောင်မြင်မှု ရာခိုင်နှုန်း ၄၉ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၆)ဦး စုစုပေါင်း ဂုဏ်ထူးရရှိ သူ ၃၅ ဦးရရှိခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း ထံမှ သိရှိရသည်။


သတင်း - ဝင်းမင်းစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)