သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးစေရေး အသိညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးစေရေး အသိညာပေးဟောပြောပွဲကျင်းပ



MNP - ဇူလိုင်   ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလ ငါးတန်ဖွံ့ဖြိုးစေရန်အတွက် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက  ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် အာဟာရကို မျှတစွာ စားသုံးရန်လိုအပ်ကြောင်း၊ ကြီးထွားစေသော အာဟာရအုပ်စုတွင် အသားအမျိုးမျိုး၊ ငါးနှင့် ပဲအမျိုးမျိုးတို့ ပါဝင်ကြောင်း၊ အင်အားဖြစ်စေသော အာဟာရအုပ်စုတွင် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီ၊ အာလူးနှင့် ကန်စွန်းဥတို့ ပါဝင်ကြောင်း၊  ရောဂါကို ကာကွယ်ပေးသော အာဟာရအုပ်စုတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ ပါဝင်ကြောင်း၊ မိမိတို့ နေ့စဉ်နှင့်အမျှ စားသုံးနေ ကြသော အစားအစာများထဲတွင် အာဟာရအုပ်စု(၃)မျိုးကို နေ့စဉ်ပါဝင် အောင် စားသုံးပေးသင့်ကြောင်း၊ ထိုကဲ့သို့ အာဟာရ စုံလင်စွာ စားသုံးပေးခြင်းဖြင့် ဉာဏ်ရည် ဖွံ့ဖြိုးခြင်း၊ အင်အားပြည့်ဝခြင်း၊ အာဟာရပြည့်ဝခြင်း၊ ရောဂါကွယ်ခြင်း စသော အကျိုး ကျေးဇူးများကို ရရှိ၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ သို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)