Pages

Pages

သထုံ ရွှေစာရံစေတီတော်မြတ်ကြီး၌ ဝါတွင်းတရားပွဲများ ပြန်လည်ကျင်းပ






MNP ၊ ဇူလိုင်  ၁၂

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ဝါတွင်းကာလ ဥပုသ်နေ့များ၌ ကျင်းပပြုလုပ်မြဲဖြစ်သည့် ဝါတွင်းတရားပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ခန့် ရပ်နားထားခဲ့ရာမှ ယခုနှစ်ဝါဆိုလပြည့်(ဓမ္မစက်ြာအခါတော်နေ့)မှစတင်ကာ အပတ်စဉ် ဥပုသ်နေ့တိုင်း ပြန်လည်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိသည်။

ရွှေစာရံစေတီမြတ်ကြီး၏ သြဝါဒါစရိယဆရာ‌တာ်ကြီးများ၏ မိန့်ညွှန်ချက်အရ သာသနာ့ဗိမ္မာန်တော်ကြီး၌ ယခင်နှစ်များအတိုင်း ပြန်လည်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဝါဆိုလပြည့်နေ့မှစတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ ဥပုသ်ရက်များ၌ သထုံမြို့နယ်အတွင်းရှိ သံဃာတော် ဓမ္မကထိက ၁၃ ပါးတို့က တရားတော်များကို အပတ်စဉ်အလှည့်ကျ ချီးမြှင့်ပေးသွားကြမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဝါဆိုလပြည့်နေ့) မွန်းလွဲပိုင်းတွင် ပထမဆုံးနေ့အဖြစ် သထုံမြို့၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးသုမနာဘိဝံသ အရှင်သူမြတ်က တရားတော်များကို ဟောကြားရာ သထုံမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များက တရားတော်နာ လာရောက်ကြပြီး အေးချမ်းစွာ သီလဆောက်တည်ခြင်း၊ တရားနာယူခြင်းတို့ဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment