Pages

Pages

ရှေးဟောင်းတန်ခိုးကြီးဘုရားများ၌ ဥပုသ်သီလဆောက်တည်သူများ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလျက်ရှိ






MNP ၊ ဇူလိုင်  ၁၂

၁၃၈၄ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၊ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းတန်ခိုးကြီးဘုရားများတွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုဒါနပြုလုပ်သူများ၊ဘုရားဖူးပြည်သူများဖြင့် အထူး စည်ကားလျက်ရှိသည်။ 

ထိုသို့ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးသို့သွားရောက်ပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းများဆက်ကပ်လှူ ဒါန်းခြင်းများပြုလုပ်ပြီး သမိုင်းဝင်တန်ခိုးကြီးဘုရာများဖြစ်သည့် ကံ့ကော်တောဘုရား၊ ကျောက်တစ်လုံးဘုရား၊ ဘုရားကြီးတောင်ဘုရား၊ စေတီယျတောင်ဘုရား စသည့်တန်ခိုးကြီး ဘုရားများတွင်လည်း ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူစော်သူများ၊ ကောင်းမှုဒါနများပြုလုပ်သူ များ၊  တရားထိုင်ခြင်းပြုလုပ်သူများ၊ ဓမ္မစကြာတရားရွတ်ဖတ်ပူစော်သူများဖြင့် ကုသိုလ်ပြု စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment