လူထုကျိန်စာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုကျိန်စာ



အကြမ်းဖက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဂျင်မီ၊ ဇေယျာသော် နှင့် အကြမ်းဖက်သမား ၂ဦး ဖြစ်သည့်  ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုကတုံး တို့ လေးဦးကို သေဒဏ်စီရင်ခဲ့ပြီးနောက် ပြည်ပြေးများ၏ လှုံ့ဆော်မှုများ ပြန်လည် သက်ဝင်လှုပ်ရှားလာသည်ကို သတိပြုမိကြပေလိမ့်မည်။ သေဒဏ်စီရင်ခြင်းခံရသူ ဂျင်မီ၊ ဇေယျာသော်တို့ မည်သို့သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ကို အများပြည်သူ သိရှိစေခြင်းငှာ အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ထပ်မံ၍ တင်ပြပါအုံးမည်။


CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေး အကြံပေး ကျော်မင်းယု(ခ)ဂျင်မီအား ၂၀၂၁ခုနှစ် အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။ တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိသည်။


ကျော်မင်းယု(ခ)ဂျင်မီသည် တရားခံပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေး လှုံ့ဆော်မှုများပြုလုပ်ခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်တရားရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်ပါသည်။ အမေရိကန်သို့ ထွက်ပြေးရောက်ရှိနေသော မင်းကိုနိုင်၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း၊ လင်းလင်း၊ အင်းစိန်အောင်စိုး၊ မောင်မောင်အေး(ခ) ကတုံး တို့နှင့်အတူ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများတွင် ပထမဆုံး ၅၀၅-က ဖြင့် တရားစွဲဆိုအမှုဖွင့် ခံခဲ့ရသူဖြစ်ပါသည်။


တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအားဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ကျော်မင်းယု(ခ)ဂျင်မီ ခေါင်းဆောင်သော Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန်ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများ ကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီအား ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိကဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည် ၆၀၀ တောင့်၊ ကျည်ကတ်၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ခုအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းလက်နက်/ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင် ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။


အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ ထို့ကြောင့် ကျော်မင်းယု(ခ)ဂျင်မီ သည် အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား အနီးကပ်ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာလ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံအိမ်ရာဝန်းအတွင်းနေထိုင်၍ အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး ၈ ခုအား ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 အား တွံတေးမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု၊ Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 အား လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလ အတွင်း လုပ်ဆောင် ပြီးစီးခဲ့ကြောင်း၊ ကျန် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။


အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီးများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သောအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေတို့ဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်ပါတယ်။


နောက်တစ်ယောက် ဖြစ်တဲ့ ဖြိုးဇေယျာသော်(ခ) မောင်ကျော် နဲ့ ပတ်သက်လို့ -

 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက် NUG အဖွဲ့ဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာ နှင်းဆီအိမ်ရာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ အမှတ်(၁၄၂)ရှိ ၎င်း၏နေအိမ်များတွင် M-16 ၇ လက်၊ AK-47 ၈ လက်၊ MK-12 ၁၅ လက်၊ M4 A1 ကာဘိုင် ၃ လက်၊ FCG-9 ၃ လက်၊ စနိုက်ပါ ၂ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊  စုစုပေါင်း သေနတ် ၁၇၈ လက်နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်၊၊


တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း ၂၉၃ ဦး တို့အား လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၈ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၀၉၉ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ မီးခိုးဗုံး ၆၁ လုံး၊ ယမ်းစိမ်း ၅ ပိဿာ၊ ယမ်းပြင်း ၂၈ တောင့်၊ ယမ်းပျော့ ၁၁ တောင့်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေ၊ ဒီတိုနေတာ ၈၉၆ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ကီးပတ်ဖုန်း ၂၀ လုံး၊ လမ်းလျောက်စကားပြောစက် ၁၆ လုံး၊ ဆက်သွယ်ရေးအထိုင် စက် ၅ လုံး၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၆ လုံး၊ Laptop ၂ လုံး၊  Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် ၁ အုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မည့်စာရင်းများနှင့် လုပ်ကြံသတ်ဖြတ်မည့် စာရင်းများပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၅ ရက်တို့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အကြမ်းဖက် NUG အဖွဲ့ဝင် ရည်မွန် နှင့် လွင်ကိုလတ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ငယ်မျိုးစုံ ၃၅၃ လက်၊ ကျည်အိမ်မျိုးစုံ ၄၇၆ ခု၊ ခဲယမ်းမျိုးစုံနှင့် ဖောက်ခွဲရေးပစ္စည်း မျိုးစုံတို့အား ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်သည် STF အမည်ခံအကြမ်းဖက်အဖွဲ့၊ SOF အမည်ခံအကြမ်းဖက်အဖွဲ့၊ HRD အမည်ခံအကြမ်းဖက်အဖွဲ့၊ YG Network အမည်ခံအကြမ်းဖက်အဖွဲ့၊ UMCD အမည်ခံအကြမ်းဖက်အဖွဲ့၊ RF အမည်ခံအကြမ်းဖက်အဖွဲ့၊ UG အမည်ခံအကြမ်းဖက်အဖွဲ့၊ 44-ST UG အမည်ခံအကြမ်းဖက်အဖွဲ့၊ YFA အမည်ခံအကြမ်းဖက်အဖွဲ့၊ တာမွေမြို့နယ် ပကဖအမည်ခံအကြမ်းဖက်အဖွဲ့၊ သာကေတမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ တောင်ဥက္ကလာပမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ဒဂုံပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ လှိုင်သာယာမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ လှိုင်မြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ ကော့မှူးမြို့နယ် ပကဖအမည်ခံအကြမ်းဖက်အဖွဲ့၊ ဒေါပုံမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့၊ မင်္ဂလာဒုံမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့စသည့် အကြမ်းဖက်အဖွဲ့ (၂၀)ဖွဲ့ကို အကြမ်းဖက် NUG အဖွဲ့ထံမှ ရရှိခဲ့သော လက်နက်/ခဲယမ်းများ ထုတ်ပေးကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အပါအဝင် အခြားဆန့်ကျင်ဘက် ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှု (၃၀)ကြိမ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးများအား ဖောက်ခွဲဖျက်ဆီးမှု(၃၂)ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင်ဖောက်ခွဲဖျက်ဆီးမှု(၉)ကြိမ်၊ ကညနရုံးနှင့်အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု(၉)ကြိမ်၊ ယာဉ်ထိန်းရုံးများအား ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ CCTV Control Box များအား ဖောက်ခွဲဖျက်ဆီးမှု (၅)ကြိမ်၊ အပြစ်မဲ့ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးမှု(၆၀)ကြိမ်၊ ဘာသာရေးဆိုင်ရာ အဆောက်အဦအနီး ဖောက်ခွဲဖျက်ဆီးမှု (၂)ကြိမ်၊ စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးမှု(၃)ကြိမ်တို့အား ဆောင်ရွက်ခဲ့ပြီး ထိုသို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များအား Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ် မူတည်၍ လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်မှ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၂၈)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။


- ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် HRD အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၁ လုံးအား ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။


- ဧပြီလ ၃၀ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်နှင့် လက်လုပ်မိုင်း ၁ လုံးအား ထုတ်ပေးခဲ့ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မြို့မရဲစခန်းအတွင်းသို့ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။


- မေလ ၁၈ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၂ လုံး ထုတ်ပေးခဲ့ပြီး လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်၌ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင် အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- မေလ ၂၁ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး စမ်းချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း။


- မေလ ၂၇ ရက်တွင် သာကေတမြို့နယ် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- မေလ ၃၀ ရက်တွင် YG Network အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်၊ လက်လုပ်ဗုံး ၁ လုံးအား ထုတ်ပေးခဲ့ပြီး ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။


- ဇွန်လ ၁ ရက်တွင် လှိုင်သာယာမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၁ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၃ ရက်တွင် ဒေါပုံမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး ဒေါပုံမြို့နယ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၇ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။


- ဇွန်လ ၈ ရက်တွင် တာမွေမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၁၀ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၁၆ ရက်တွင် လှိုင်သာယာမြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ (၁၃)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- ဇွန်လ ၂၉ ရက်တွင် UMCD အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်၊ လက်လုပ်မိုင်း ၁၂ လုံး၊ ယမ်းပျော့ ၁၁ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ စနက်တံ ၁၈ ချောင်းတို့အား ထုတ်ပေးခဲ့ပြီး တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း။


- ဇူလိုင်လ ၁၁ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား Glock အမျိုးအစား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၂)ရပ်ကွက်ရှိ “လှသီတာ” ရွှေဆိုင်အား ဓားပြတိုက်ခဲ့ကြောင်း။


- ဩဂုတ်လ ၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်ထုတ်ပေးခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၅)ရပ်ကွက်၊ မြိုင်မဟာလက်ဘက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။


- ဩဂုတ်လ ၁၄ ရက်တွင် တာမွေမြို့နယ် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့အား ပစ္စတို ၆ လက် ထုတ်ပေးခဲ့ပြီး ရန်ကုန်မြို့ပတ်ရထား လုံခြုံရေးအဖွဲ့များအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း။


- ဩဂုတ်လ ၁၇ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။


- ဩဂုတ်လ ၂၂ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းရှိ လုံခြုံရေးရဲကင်းအား ပစ်ခတ်ရန်စေခိုင်းခဲ့ကြောင်း။


- ဩဂုတ်လ ၂၅ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။


- ဩဂုတ်လ ၂၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပကဖ အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- စက်တင်ဘာလ ၂ ရက်တွင် လှိုင်မြို့နယ် ပကဖအမည်ခံ အကြမ်းဖက်အဖွဲ့အား ပစ္စတို ၂ လက် ထုတ်ပေးခဲ့ပြီး လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- စက်တင်ဘာလ ၉ ရက်တွင် RF အမည်ခံအကြမ်းဖက်အဖွဲ့အား လက်နက်ငယ် ၂ လက် ထုတ်ပေးခဲ့ပြီး စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန်စေခိုင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း။


- စက်တင်ဘာလ ၁၁ ရက်တွင် RF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


- အောက်တိုဘာလ ၂၂ ရက်တွင် STF အမည်ခံကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် ၂ စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် ၂ စီး ထုတ်ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်ရန် စေခိုင်းခဲ့ကြောင်း။


- အောက်တိုဘာလ ၂၃ ရက်တွင် RF အမည်ခံအကြမ်းဖက်အဖွဲ့အား လက်နက်ငယ် မျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု ၊ကျည်မျိုးစုံ ၁၂၂၀ တောင့်၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် ၇ ထုပ်၊ မှန်ပြောင်း ၁ လက်တို့အား ထုတ်ပေးခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း။


- အောက်တိုဘာလ ၂၃ ရက်တွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၄ လက် ထုတ်ပေးခဲ့ပြီး ဗိုလ်တထောင်မြို့နယ်၊ ရပ်ကွက်(၃)ရှိ ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။


- နိုဝင်ဘာလ ၄ ရက်တွင် YFA အမည်ခံအကြမ်းဖက်အဖွဲ့အား ပစ္စတို ၁ လက် ထုတ်ပေးခဲ့ပြီး မရမ်းကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင် အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။


ဖမ်းဆီးရမိတရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက်အရ အကြမ်းဖက် CRPH နှင့် NUG အဖွဲ့ဝင် ဖြူဖြူသင်း၊ နိုင်ထူးအောင်၊ ဝင်းမြတ်အေးနှင့် လွင်ကိုလတ် တို့မှ နည်းလမ်းပေါင်းစုံဖြင့် ငွေကြေးများကောက်ခံ၍ အကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက် ၎င်းထံသို့ တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ရရှိငွေများအား လက်နက်/ခဲယမ်းများ ဝယ်ယူခြင်း၊ ဖောက်ခွဲရေးအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် လိုင်စင်မဲ့ မော်တော်ယာဉ်များဝယ်ယူခြင်း၊ အကြမ်းဖက်အဖွဲ့များ ပုန်းခိုနေထိုင်နိုင်ရေးအတွက် နေရာ(Safe House)များ ငှားရမ်းခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အပြစ်မဲ့ပြည်သူလူထုများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုအပေါ် မူတည်၍ အကြမ်းဖက်သမားများအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်အချို့အား ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက်အဖွဲ့များမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦး၊ အပြစ်မဲ့ပြည်သူ (၁၂)ဦး၊ စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ်စီစဉ် ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သည့် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အသုံးပြုရန်အတွက် လက်နက်ခဲယမ်းများအား နေအိမ်တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ရန်ကုန်မြို့တွင်းရှိ အကြမ်းဖက်အဖွဲ့ (၂၀)ဖွဲ့အား ဦးဆောင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီစဉ်ညွှန်ကြားခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ “သေဒဏ်” အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


အထက်ပါအကြမ်းဖက်ခေါင်းဆောင် ၂ဦး နဲ့အတူ သေဒဏ်စီရင်ခြင်းခံလိုက်ရတဲ့ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုကတုံး တို့က ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့ကြသလဲ -

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီး(ဘ)ဦးမြင့်လှိုင်၊ အောင်သူရဇော်(ခ)ကတုံး(ခ)သူရ(ဘ)ဦးအောင်ဇော်ဦး၊ အညာသား(ခ)မျိုးဇော်ထက်(ဘ)ဦးဝင်းခိုင်နှင့် မင်းခန့်(ခ)နှင်းကိုကို(ဘ)ဦးသောင်းတင် တို့သည် အရိုး/အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် အဆိုပါ မဝင်းသန္တာဆွေတွင် ၄ cm ခန့်အနက်ရှိ ယာရင်အုံထိုးသွင်းဒဏ်ရာ (၂)ချက်၊ ၁၂ cm ခန့်အနက်ရှိ ဝဲရင်အုံထိုးသွင်းဒဏ်ရာ (၄)ချက်၊ ၁၂ cm ဝဲခါးစောင်း ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့ပြီး ဝဲရင်အုံးထိုးသွင်းဒဏ်ရာမှာ အဆုတ်ထိရောက်ပြီး ရင်ခေါင်းအတွင်း သွေးယို၍ သေဆုံးခဲ့ခြင်းဖြင့် တစ်ဦးထက်ပိုသောသူမျာက အကြံတူတစ်ခုကို အထမြောက်စေရန် ပြုလုပ်သည်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၃၄ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ” အမိန့်ကို လည်းကောင်း၊ တင်ထွန်းအောင်(ခ)မိုးလျှံ(ဘ)ဦးထွန်းဆန်း၊ ဒေါ်မြင့်မြင့်အေး(ဘ)ဦးငွေငြိမ်း နှင့် ဒေါ်တင်တင်အေး(ဘ)ဦးငွေငြိမ်းတို့သည် မဝင်းသန္တာဆွေ အား မတ် ၁၅ ရက်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့က အရိုး/ အသွား (၉)လက်မခန့်ရှိ ဓားဦးချွန်ဖြင် ထိုးခဲ့သဖြင့် သေဆုံးမှုဖြစ်စဉ်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ မဝင်းသန္တဆွေ၏ နေအိမ်အား အပြင်ဘက်မှသော့ပိတ်ကာ သော့နှင့် လက်ကိုင်ဖုန်း(၂)လုံးအား သိမ်းဆည်းထား ရှိခဲ့ခြင်း၊ လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး မှ မဝင်းသန္တာဆွေ အား ခေါ်ဆောင်သွား ရန် သော့အား လာရောက်တောင်းယူစဉ် ပေးအပ်ခဲ့ခြင်းဖြင့် မဝင်းသန္တာဆွေ အား သတ်ရန် အားပေးကူညီမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (၁)(ခ)/၁၀၉ အရ ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ”အမိန့်ကို လည်းကောင်း၊ 

စိုးကြီး(ခ)စိုးပိုင်(ဘ)ဦးလှစော သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၌ မတ် ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီးနှင့် မကြူကြူသင်း တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ မဝင်းသန္တာဆွေ အား လူသတ်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးစေရန် အမိန့်ထုတ်ပြန်ထားပြီး ထွက်ပြေးနေသည်ကို သိလျက်နှင့် ဖမ်းဆီးခြင်းမှ ကာကွယ်ရန်အကြံဖြင့် လက်သင့်ခံမှုကို ပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၂၁၆ အရ ဧပြီ ၁၂ ရက်တွင် “ အလုပ်နှင့်ထောင် ဒဏ် ၇ နှစ် ”အမိန့်ကို လည်းကောင်း၊ 

မကြူကြူသင်း(ဘ) ဦးလှစော သည် မတ် ၁၅ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အောင်မေတ္တာလမ်း နေ သေဆုံးသူ မဝင်းသန္တာဆွေ ၏ လက်ရှိဖြစ်သည့် ရွှေရည် ၁၁ ပဲရည်၊ ရွှေ အလေးချိန် ၅ ပဲ ၅ ရွေးခန့်ရှိ ကျောက်ဖြူပါ ခရုပတ်ပုံ ဆွဲသီး (၁)ခု၊ ရွှေရည် ၁၁ ပဲရည်၊ ရွှေအလေးချိန် ၅ ပဲ ၆ ရွေးခန့်ရှိ ကျောက်ဖြူပါ ကျူထံရံ ကွက်ပုံ လက်စွပ်(၁)ကွင်းနှင့် ရွှေရည် ၁၄ ပဲရည်၊ ရွှေအလေးချိန် ၁၅ ပဲ ၁ ရွေးခန့်ရှိ ကျစ်ဆံမြီးပုံ ဆွဲကြိုး(၁)ကုံးတို့အား ဥပဒေနှင့်အညီ လက်ရှိဖြစ်သူ၏ လက်သို့ မရောက်မီ သိလျက်နှင့် အလွဲသုံးစားမှုကို ပြုလုပ်ခဲ့မှုနှင့် မဝင်းသန္တဆွေအား သူလျှို၊ ဒလန်၊ သတင်းပေးဟုစွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီးဘုန်း ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများ ပြည်သူကို ထိန်လန့်စေမှုပြုလုပ်ခဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ- ၂၁၆ နှင့်ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ” အမိန့်ကို လည်းကောင်း၊ ဒေါ်နန်းခင်ခင်ဝင်း (ဘ)ဦးစံသိန်း၊ ဒေါ်မိုးသီတာ(ဘ)ဦးမြင့်သိန်း၊ မဝေဖြိုးစံ(ခ)မကုလားမ(ဘ)ဦးစံဝင်း၊ အောင်နိုင်ကို(ဘ) စိစစ်ဆဲ၊ ယဉ်ထွေး(ဘ)စိစစ်ဆဲ၊ ဒေါ်ခင်မာဌေး(ဘ)စိစစ်ဆဲ၊ မပွင့် (ဘ)စိစစ်ဆဲ၊ မင်းမင်း(ခ)အောင်မင်းဦး(ဘ)ဦးအုန်းလွင်၊ မြင့်ဦး(ဘ)စိစစ်ဆဲ၊ သန့်ဇင် (ဘ)စိစစ်ဆဲ၊ လှရီ(ဘ)စိစစ်ဆဲ၊ ကြည်လွင်(ဘ)ဦးအောင်လှိုင်၊ ဂျပန်ကြီး(ခ) ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ဘ)ဦးသန်းရွှေ၊ ဖိုးကျော်(ခ)ကျော်ကြီး(ခ)ကျော်ကျော်လတ် (ဘ)ဦးမောင်မြင့်၊ သန့်ဇော်ဦး(ခ)သက်ဇော်ဦး(ဘ)ဦးဝင်းလှိုင်နှင့် ဥက္ကာ(ဘ)စိစစ်ဆဲ တို့သည် မတ် ၁၄ ရက်တွင် မဝင်းသန္တာဆွေ အား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သံပုံများ တီး၍ မောင်းထုတ်ခဲ့ခြင်း၊ သောင်ကြီး ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြင့် အများပြည်သူကို ထိတ်လန့်စေမှုကို ပြုလုပ်ခဲ့သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၅၀၅က(က)တို့ဖြင့် ဧပြီ ၁၂ ရက် တွင် “ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ”အမိန့်ကို လည်းကောင်း အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။


အထက်ပါ အကြမ်းဖက်ခေါင်းဆောင်များနှင့် အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များကို သိမြင်ကြပြီဆိုလျှင် အကြမ်းဖက်သမားများအား သေဒဏ်စီရင်ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ် ထိုက်တန်ခြင်း ရှိ/မရှိ သုံးသပ်နားလည်ကြလိမ့်မည်ဟု ထင်သည်။


ထိုသို့ သေဒဏ်စီရင်ခြင်းခံရပြီးနောက် ပြည်ပြေး နိုင်ငံရေးလှုံ့ဆော်သူများက အကြမ်းဖက်သမားများကို ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် သူရဲကောင်းကြီးများသဖွယ် ဈာန်းတင်ပြောဆိုလာကြသည်ကို တွေ့မြင်ကြရပေလိမ့်မည်။ ထိုသို့ လုပ်ကြံပြောဆိုလျှက်ရှိသူများထဲတွင် မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ အပျံမ၊ မျိုးထိုက်တန်သိန်း ဆိုသူတို့၏ လှုံ့ဆော်ဝါဒဖြန့် ပြောဆိုမှုများကို တွေ့မြင်ရသည်မှာ ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။

ခွေးဝဲစားမျိုးရန်နောင်သိန်း ဆိုလျှင် သူ၏ နိုင်ငံရေးမကျေနပ်မှုအတွက် ပြောဆိုရာတွင် ဆရာတော်သံဃာတော်များကိုပင် ယုတ်မာရိုင်းစိုင်းစွာ ပြောဆိုထားသည်ကို အော့နှလုံးနာဖွယ် မြင်တွေ့ရသည်။ မင်းကိုနိုင်ဆိုသူကလည်း ဂျင်မီ၊ ဇေယျာသော်တို့ သေဒဏ်စီရင်ခြင်းခံရပြီးနောက် နိုင်တော့မှဟူသော စကားကို ပါးစပ်ဖျားက မချ ဆက်လက်တိုက်ပွဲဝင်ရန် လှုံ့ဆော်နေသည်ကို တွေ့ရသည်။ ခွေးဝဲစားမျိုးရန်နောင်သိန်း ၏ အကိုဆိုလျှင်လည်း အမိယုတ်သားများ ရမ်းကား ဆိုသည်နှင့်အညီ ၎င်းတို့၏ အလိုဆန္ဒကို မဖြည့်ဆည်းသူမှန်သမျှကို ကျူပင်ခုတ် ကျူငုတ်မကျန် သတ်ဖြတ်ရန် လှုံ့ဆော်နေသည်ကို တွေ့မြင်ရသည်။


အဆိုပါနိုင်ငံရေးလှုံ့ဆော်သူများ၏ တူညီသော လုပ်ဆောင်ချက်မှာ ၎င်းတို့၏ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရင်း သေဆုံးခဲ့ရသော လူငယ်များစွာအတွက် ဝမ်းနည်းကြေကွဲခြင်းကို ထင်ရှားစွာ မတွေ့မြင်ခဲ့ရပေ။ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ သေဒဏ်စီရင်ခြင်းခံရတော့မှသာ ဝမ်းနည်းပူးဆွေးမှုကို ပြသခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အတွက် အသက်စတေးခဲ့ရသူများကို ငဲ့ညှာထောက်ထားခြင်းမရှိကိုတွေ့ရပေလိမ့်မည်။ လေးဦး သေဒဏ်စီရင်ခြင်း ခံရသည့်ကိစ္စတွင်ပင် ၎င်းတို့၏ လှုံ့ဆော်မှုကြောင့် အမျိုးသမီးတစ်ဦးအပေါ် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမား ၂ဦးအတွက် ဝမ်းနည်းပူးဆွေးခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ၂ဦးအတွက်သာ ဝမ်းနည်းပူဆွေးပြခဲ့ခြင်းက ပြည်သူများကို လိုသလို အသုံးချနေသူများဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။


၎င်းတို့၏ တူညီသော လုပ်ဆောင်ချက်တစ်ရပ် ရှိသေးသည်။ အကြောင်းထူး တစ်ခုပေါ်လျှင် ၎င်းတို့အတွက် အလှူခံရန် ခေါင်းစဉ်တစ်ခု ရသည်။ လှုပ်ရှားမှုတစ်ခုလုပ်ရန် ခေါင်းစဉ်ရသွားပြန်သည်။ ပန်ဆယ်လို(ခ) အပျံမ က ဂျင်မီနှင့် ဖြိုးဇေယျာသော်တို့ကို အကြောင်းပြု၍ အကြွေးပြန်တောင်းမည်ဟူသော ခေါင်းစဉ်ဖြင့် အလှူခံလာသည်ကို တွေ့ရသည်။ အခြားသော ပုဂ္ဂိုလ်များကလည်း အလားတူစွာ အလှူခံမှုများ ထပ်ဆင့်လုပ်ဆောင်လာသည်ကိုတွေ့ကြရပေမည်။

ယနေ့ (၃၁-၇-၂၀၂၂) ရက်နေ့တွင် သေဒဏ်စီရင်ခြင်းခံရသူများကို အကြောင်းပြု၍ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ခေါင်းစဉ်ဖြင့် မင်းကိုနိုင်မှစ၍ လှုံ့ဆော်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မင်းကိုနိုင် ဆိုသူသည် ခေါင်းစဉ်ပေးကောင်းသည်။ ဝါဒဖြန့်လှုံ့ဆော်ရာတွင် အစွမ်းထက်သည်။ သို့အတွက်ကြောင့်လည်း အမေရိကန်က လှုံ့ဆော်မှုအားကောင်းသူ၊ အလှူခံအားကောင်းသူများကို ခလုတ်မထိ စူးမငြိစေရန် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ပေးပြီး အများပြည်သူ အတိဒုက္ခရောက်အောင် လှုံ့ဆော်မှုများကို အန္တရာယ်ကင်းရှင်းစွာ ဝါဒဖြန့်လှုံ့ဆော်နိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်တန်ရာသည်။


၎င်းတို့၏ လှုံ့ဆော်မှုများကြောင့် ကောင်းကျိုး၊ ဆိုးကျိုး ဘာကိုဖြစ်စေသနည်း။ ပြည်သူများ အဖြေရှာရန် သင့်ပါသည်။ မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းခဲ့သည့် ဖြစ်စဉ်ကို မင်းကိုနိုင်အပါအဝင် ပြည်ပြေး ဆူပူအကြမ်းဖက်လှုံ့ဆော်သူများအားလုံး၊ ပြည်ဖျက်မီဒီယာများအားလုံးက တိမ်မြုပ်အောင် ကွယ်ဝှက်ထားခဲ့ကြသည်။ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းသယောင် ဖန်တီးပြီး စစ်ကောင်စီ၊ စကစ၊ အာဏာသိမ်းအစိုးရ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လှုံ့ဆော်ခဲ့ကြသည်။ ယခု ဇေယျာသော်နှင့် ဂျင်မီ တို့ သေဒဏ်စီရင်ခံရခြင်း ကိစ္စတွင်လည်း ဇေယျာသော်နှင့် ဂျင်မီတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို တိမ်မြုပ်ပျောက်ကွယ်အောင် ဖန်တီးပြီး အပြစ်မဲ့ သေဒဏ်စီရင်ခံရခြင်းသဘော သက်ရောက်အောင် ဝါဒဖြန့်လှုံ့ဆော်နေကြသည်ကို တွေ့ရပေလိမ့်မည်။ NLD ပါတီ အာဏာလက်မဲ့ ဖြစ်ခဲ့ရသော တစ်နှစ်ပြည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်း (၂၂၂၂၂) ခေါင်းစဉ်တပ်၍ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ရန် လှုံ့ဆော်ခဲ့ကြသည်ကိုလည်း အမှတ်ရကြပေလိမ့်မည်။


ထိုသို့ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်သူ အားလုံးသည် ဘေးအန္တရာယ်ကင်းရာအရပ်သို့ တိမ်းရှောင်နေထိုင်ပြီးမှ ပြည်သူအချင်းချင်း လူမဆန်သော လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများကို တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ကို ပြည်သူအများ သတိပြုသင့်ပေပြီ။ ၎င်းတို့၏ လှုံ့ဆော်မှုများကို ပြန်လည်ဖြန့်ဝေ လှုံ့ဆော်သူများမှာ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ခံခဲ့ရသည်။ ယခုအခါ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ဟု ခေါင်းစဉ်တပ်၍ လှုံ့ဆော်လာပြန်ရာ ၎င်းတို့၏ လှုံ့ဆော်မှုများကို ဆင်ခြင်သုံးသပ် လေ့လာခြင်းမရှိ ပြန်လည်ဖြန့်ဝေ လှုံ့ဆော်သူများ အရေယူးခြင်းကို ခံရသည်။


ပြည်ပြေး နိုင်ငံရေးလုပ်စားသူများသည် အများပြည်သူကို အတိဒုက္ခရောက်အောင် ဖန်တီး၍ အစိုးရကို ဂုဏ်သိက္ခာကျအောင် ဖန်တီးခြင်းသာ လုပ်နိုင်စွမ်းသည်။ ၎င်းတို့၏ လှုံ့ဆော်မှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်သည်။ အစိုးရတစ်ရပ်အနေဖြင့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသူများကို အရေးယူဆောင်ရွက်သည့်အခါ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ပါသည်ဟု ပြည်ပြေး နိုင်ငံရေး လုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက တစ်သံတည်း ထွက်လာကြသည်။


၎င်းတို့၏ ခေါင်းစဉ်နှင့် ကိုက်ညီအောင် သုံးသပ်ရမည်ဆိုလျှင် သစ္စာဟူသည် မှန်ကန်သောစကား၊ မှန်ကန်သောလုပ်ရပ် ကို အကြောင်းပြု၍ ပြောဆိုရခြင်းဖြစ်သည်။ ယနေ့ မြန်မာပြည်တွင် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်အောင် မည်သူများက လုပ်ဆောင်နေသနည်း။ ၎င်းတို့အနေဖြင့် သစ္စာစကားကို ပြောမည်ဆိုလျှင် "ကျွန်ုပ်တို့အနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာ ကို လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် စီစဉ်ညွှန်ကြား လှုံ့ဆော်ခဲ့ကြပါသည်။" ဟု သစ္စာပြုကြရပေလိမ့်မည်။ ထိုသို့ သစ္စာပြုဝံ့ပါသလား။ ထိုသို့ ပြည်သူအများကို အတိဒုက္ခရောက်အောင် ဖန်တီးခဲ့သော လုပ်ရပ်များကြောင့် ရရှိမည့် အကျိုးကား မည်သို့ ရှိမည်နည်း။


အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ ကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ပေးခဲ့သူများ၊ လုပ်ကြံဖန်တီး ဝါဒဖြန့်ခဲ့သူများက ပြည်သူ့သစ္စာအဓိဋ္ဌာန် ဟု ခေါင်းစဉ်တပ်၍ သစ္စာပြုကြမည်ဆိုလျှင် ၎င်းတို့၏ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်မှုများ၊ လက်နက် ငွေကြေး ထောက်ပံ့ပေးမှုများကြောင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ရဟန်းရှင်လူပြည်သူတို့၏ မိသားစုဝင်များက အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားများကို ကျိန်စာတိုက်ကြပေလိမ့်မည်။ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေသူများ၊ အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိသူများ ကမ္ဘာမြေပေါ်မှာ အမြန်ဆုံး ပျောက်ကွယ်ပါစေ။ ၎င်းတို့ ကျူးလွန်ခဲ့သော လုပ်ရပ်များနှင့် ထိုက်တန်သည့် ပြစ်ဒဏ်အား လောကကို စောင့်ရှောက်လျက်ရှိကုန်သော ပုဂ္ဂိုလ်များက အမြန်ဆုံး စီရင်နိုင်ပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ ကမ္ဘာမြေပေါ်မှ အကြမ်းဖက်မိစ္ဆာဝါဒီများ ကင်းရှင်းပပျောက်ပါစေသတည်း။


နောင်တော်လေး (ဘိုကလေး) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)