ငဖဲမြို့နယ် မာန်အောင်ကျေးရွာတွင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး၁၀၀ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် မာန်အောင်ကျေးရွာတွင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး၁၀၀ အခမဲ့ဖြန့်ဝေ

 



MNP - ဇူလိုင်   ၁၃


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စံပြကျေးရွာအဖြစ် တည်ထောင်မည့် မာန်အောင်ကျေးရွာတွင် ထင်းအစား အခြားလောင်စာ သုံးစွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံး ၁၀၀ ကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသိန်းက ကျေးရွာနေပြည်သူများအနေဖြင့် ဌာနမှအခမဲ့ဖြန့်ဝေပေးသော မီးဖိုကို သုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုကို ၄၀ရာခိုင်နှုန်းလျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ကြောင်း၊ တစ်အိမ်ထောင်ကို ထင်း ၁၀ချောင်းကုန်ရင် ယခုမီးဖိုကိုသုံးစွဲပါက ထင်း ၆ချောင်းသာကုန်ပြီး ၄ချောင်းသက်သာကြောင်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအား အသိပညာပေးပြောကြားပြီး ထင်းအစား အခြားလောင်စာသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။


ထို့နောက် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများက မင်းဘူးမြို့ မြန်မာမြေကုမ္မဏီမှ ထုတ်လုပ်သော သံပုံးစွပ် စွမ်းအားမြှင့်အေဝမ်း မီးဖိုအလုံး ၁၀၀ ကို တစ်အိမ်ထောင်လျှင် မီးဖိုတစ်လုံးနှုန်းဖြင့် အိမ်ထောင်စု(၁၀၀)အား အခမဲ့ဖြန့်ဝေပေးအပ်ပြီး ကျန်ရှိသော အိမ်ထောင်စု ၉၉ စုကို ယခုလအတွင်း ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)