ဝါဆိုလပြည့်နေ့ ရေနံချောင်းတက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်နေ့ ရေနံချောင်းတက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း



MNP - ဇူလိုင်  ၁၃


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ (ဇူလိုင် ၁၂ ရက်) ယနေ့တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၏ ဦးဆောင်မှုဖြင့် ရေနံချောင်း တက္ကသိုလ် သင်ကြား/စီမံ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံဌာန ပါမောက္ခ(ဌာနမှူး)များနှင့် ဝန်ထမ်းမိသားစုများက နမောတသ သုံးကြိမ်ရွတ်ဆိုပြီး ရွှေစေတီတိုက်သစ် နာယကဆရာတော် ဦးဇဋိလထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကာ နာယကဆရာတော်ကြီးက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူး တရားတော်ကို ဟောကြားချီးမြှင့်ခဲ့ သည်။


ထို့နောက် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြား/စီမံဌာန ပါမောက္ခ(ဌာနမှူး)များနှင့် ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)