ပြည်နည်းပညာတက္ကသိုလ်၌ " ဒေါက်တာအောင်ကျော်မြတ်ပညာသင်ဆု" ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နည်းပညာတက္ကသိုလ်၌ " ဒေါက်တာအောင်ကျော်မြတ်ပညာသင်ဆု" ချီးမြှင့်ပွဲကျင်းပ






MNP ၊ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်နည်းပညာတက္ကသိုလ်၌ ယမန်နေ့က "ဒေါက်တာအောင်ကျော်မြတ် ပညာသင်ဆု"ချီးမြှင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။


ဆုချီးမြှင့်ပွဲတွင် ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာအောင်ကျော်မြတ်က ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်စကားပြောကြားကာ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် ပြည်နည်းပညာတက္ကသိုလ်တွင် ဝင်ခွင့်ရသော  ဘာသာရပ်အလိုက် ပထမနှစ် ကျောင်းသား/ကျောင်းသူ (၅)ဦးအား တာဝန်ရှိသူများက  "ဒေါက်တာအောင်ကျော်မြတ် ပညာသင်ဆု"များပေးအပ်ချီးမြှင့်သည်။


ထိုသို့ ပညာသင်ဆုချီးမြှင့်ခြင်းအတွက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ဌာနကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး  ဒုတိယပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်က  ပြည်နည်းပညာတက္ကသိုလ်နှင့် ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ယင်းတက္ကသိုလ်တာဝန်ရှိသူထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)