MNP - ဇူလိုင် ၁၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိမိအနေဖြင့် ယခုတွေ့ဆုံပွဲ၌ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း၊ တောင်သူများ၏ အကျိုးစီးပွား တိုးတက်အောင်မြင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များအနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက်၊ လိုလားချက်များအား မှတ်သားထားရှိပြီး ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲတင်ပြ၍ ဌာနအလိုက် သင့်လျော်သည့်ဘဏ္ဍာနှစ်များတွင် ထည့်သွင်းလျာထားနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေ သည့်လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ တောင်သူများက စိုက်ပျိုးရေရရှိရေး၊ ကျောင်းဆရာ၊ ဆရာမလိုအပ်ချက်များရရှိရေး၊ ကုန်ထုတ်လမ်းကောင်းမွန်စေရေး၊ ကျေးရွာချင်းဆက်လမ်းရရှိရေး၊ စက်မှုလယ်ယာများ ဖော်ဆောင်ပေးနိုင်ရေး စသည့်လိုအပ်ချက်များကို တင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment