Pages

Pages

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 



MNP - ဇူလိုင်   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ကျန်းမာရေးဌာနခွဲသို့ဆေးထိုးရန် လာရောက်ကြသော  ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကလေးငယ်များအတွက်လည်း ရာသီအလိုက်ဖြစ်ပေါ်တက်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။


ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဒေသန္တရ ကျန်းမာရေးဌာနခွဲများတွင် ပုံမှန်ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment