မြန်အောင်တာမိုင် (၅/၆) နှင့် (၅/၇) အတွင်း ကမ်းပြိုကမ်းစားမှု ကာကွယ်ရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်တာမိုင် (၅/၆) နှင့် (၅/၇) အတွင်း ကမ်းပြိုကမ်းစားမှု ကာကွယ်ရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်



MNP - ဇူလိုင်  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် (၅/၆) နှင့် (၅/၇) အတွင်း ကမ်းပြိုကမ်းစားမှုကာကွယ်ရန်အတွက် မြစ်ကမ်းထိန်း လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ခြုံဖြည့်မျှောတုတ်တန်းရိုက်ခြင်း အလျားပေ ၂၅၀ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်ခဲ့သော နေရာအနီးရှိ ‌ရေကာတာမှာ ၂၀၁၉ ခုနှစ်၌ တာလုံးရွှေ့ခြင်း၊ ပန်းတာတည်ဆောက်ခြင်း ဆောင်ရွက်ထားသော ရေကာတာဖြစ်ပြီး မီးရထားလမ်း၊ မြန်အောင်-ကြံခင်း ကားလမ်းမနှင့် နီးကပ်လျက်ရှိကြောင်း၊ နှစ်စဉ် ဧရာဝတီမြစ်ရေတက်ချိန်၌ ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်တွင် မြန်အောင်တာမိုင် (၅/၆) နှင့် (၅/၇) အတွင်း တာခြေနှင့်(၁၅)ပေခန့် နီးကပ်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှ သိရသည်။


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)