ကွမ်းလုံမြို့၌ နဝမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းလုံမြို့၌ နဝမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 



MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ နဝမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကွမ်းလုံမြို့ သာသနာ့ အလင်းရောင် (တံတားဦး) ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဧည့်ပရိသတ်များက ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ခဲ့ပြီး ကွမ်းလုံမြို့နယ်သံဃနာယက ဥက္ကဋ္ဌ တံတားဦးကျောင်းတိုက်ဆရာတော် ဦးဉာဏိက အရှင်သူမြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ ကွမ်းလုံအခြေချ စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် အစချီသော ပရိတ်တရားတော်များကို နာယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေးစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းကာ ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ နဝမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ် ၉၄၉၁၅၀၀ ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)