MNP - ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂) ကျောင်းပညာ့ဗိမာန်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသော ဆရာ/မများ၊ ကျောင်းသား/သူများက မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် အ-ထ-က(၂)ကျောင်အုပ်ဆရာကြီး ဦးဝင်းနိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အလယ်တန်းပြဆရာမ ဒေါ်အေးအေးသန်းက အာဇာနည်စိတ်ဓာတ် ခေါင်းစဉ်များဖြင့် အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ အ-ထ-က(၂)ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment