ထားဝယ်မြို့တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးရေမြောင်းများတူးဖော်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးရေမြောင်းများတူးဖော်ပေး



MNP - ဇူလိုင်   ၂၅


ထားဝယ်မြို့တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက်ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကအဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့်ရေမြောင်းများတူးဖော်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လေယာဉ်ကွင်းလမ်းမကြီးလမ်းနံဘေးဘေးရေမြောင်း များ တူးဖော်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် စည်ပင်သာယာရေးအဖွဲ့များက အဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့် ထားဝယ်မြို့၊ လေယာဉ်ကွင်း လမ်းမကြီးလမ်းနံဘေး တိုင်းဒေသကြီး အားကစားကွင်းရှေ့မှ ထားဝယ်လေဆိပ်မုခ်ဦးအထိ လမ်းရေ ကျော်မှုမဖြစ်ပွားစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများ တူးဖော်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ပေးနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)