လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းဆင်းပွဲနှင့် ဓာတ်ပုံဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းဆင်းပွဲနှင့် ဓာတ်ပုံဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 



MNP - ဇူလိုင်   ၃၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူး ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချဓာတ်ပုံပညာ သင်တန်း(အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဇူလိုင်လ(၄)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲတွင်ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာ ဦးကျော်ဇေယျက သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့မှုအခြေအနေများနှင့် ဓာတ်ပုံဆုများ ရွေးချယ်ချီးမြှင့်ခဲ့မှုအခြေအနေများကို   ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ Portrait Photo ပြိင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသူများအား ပြည်ထောင်စုနယ်မြေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်ကလည်းကောင်း၊ Landscape Photo ပြိင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသူများအား ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်းတွင် Camera Setting, Composition, Lighting Theory & Direction of Light, Portrait, Model, Landscape, Family Photo စသည့်ကဏ္ဍများကို ရက်သတ္တ ပတ်(၄)ပတ်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသားတစ်ဦးက “ ကျွန်တော်က ဒီဓာတ်ပုံ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) Face book page ကနေတွေ့တော့ ဒီကတာဝန်ရှိသူတွေကို ဆက်သွယ် စာရင်းပေးပြီးတက်ခဲ့တာပါ၊ ဒီသင်တန်းက ကျွန်တော်တို့အတွက်အလွန်အကျိုးရှိပါတယ်၊ သင်တန်း ခေါင်းစဉ်အတိုင်း လက်တွေ့ကျကျ သင်ယူရတော့ အကျိုးရှိပါတယ်၊ ဓာတ်ပုံသင်တန်းက အပြင်မှာတက်ရင် အဖိုးခအရမ်းကြီးတယ် ခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျဉ်းမနားမြို့နယ်ရုံးကနေဦးဆောင်ပြီး ပညာဒါနအနေနဲ့ သင်ကြားပေးလို့ ကျေးဇူးအထူးတင် ပါတယ်” ဟု ပြောပြချက်အရသိရသည်။


အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင် သင်တန်းသား (၂၀)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအတွင်း Outdoor လက်တွေ့ရိုက်ကူးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)