အောင်လံမြို့နယ်တွင် မီးဖိုချောင်သုံးစားသုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ်တွင် မီးဖိုချောင်သုံးစားသုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

 



MNP - ဇူလိုင်   ၃၀


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ လူတစ်ဦးလျှင် ဆီတစ်ပိဿာ (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံနက်(၈)နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ (၄) ရက်နေ့အထိ(၆)ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဆီပိဿာ (၁၁၀) ဆံ့ ဆီတိုင်ကီ (၁၂) လုံးဖြင့် စုစုပေါင်း (၁၃၂၀) ပိဿာအား အောင်လံမြို့နယ် ရပ်ကွက်၊ ကျေးရွာအသီးသီးသို့ ကွင်းဆင်းကာ အုပ်စုများခွဲ၍ စားသုံးသူများလက်ဝယ်အရောက် လှည့်လည်ရောင်းချပေးသွား မည်ဖြစ်သည်။ ဆက်လက်၍ ရက်ထပ်မံတိုးမြှင့်ကာ ရောင်းချနိုင်ရန် စီစဉ်ထားသည်များလည်းရှိကြောင်း အောင်လံမြို့နယ် ဆီကုန်သည်အသင်း ဥက္ကဋ္ဌထံမှ သိရသည်။


သတင်း - ဇင်ဇင်မင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)